မိုင်အိုလ်ဗို့
Ordbok
ဆိုသည့် စကားလုံးသည် နော်ဝေစကားလုံးဖြစ်ပြီး အဘိဓါန်ဟု အဓိပ္ပာယ်သက်ရောက်သည်။ ဒါ့ကြောင့် MyOrdbok ကို မြန်မာအဘိဓါန်လို့လည်း ဆိုလိုနိုင်သည်။
၂၀၁၀ မှစ ယခုလက်ရှိအချိန်ထိ မြန်မာအွန်လိုင်းအဘိဓါန်များမှ အသုံးများဆုံးအဘိဓါန် တစ်ခုလည်းဖြစ်သည်။ အဘိဓါန် (ဘာသာ) 24 ခုနှင့် ဆိုက်(ဘာသာ) 1 ခုကို အသုံးပြုနိုင်ပါသည်။
လာရောက်လည်ပတ်မှုအချက်အလက်
မိုင်အိုလ်ဗို့ လာရောက်လည်ပတ်မှုအချက်အလက်များကို ပြီးခဲ့သည့် 2022/11/27
မှ ပြန်လည်တွက်ချက်အရ ဧည့်သည် 21,109 ဦးနှင့် လာရောက်လည်ပတ်မှု 2,453,600 ကြိမ်ရှိသည်။ စုစုပေါင်း လာရောက်သူ 60,347 ဦး၏ အလည်အပတ်ပေါင်း 889,993,843,088,042 ကြိမ်ရှိပါသည်။
ရည်ရွယ်ချက်
စက်ကိရိယာတိုင်းမှာသုံးရန်လွယ်ကူပြီး အဓိပ္ပာယ်များပိုမိုပြည့်စုံစေရန်နှင့် အသုံးပြုသူတိုင်းအတွက် အကျိုးဖြစ်စေမည့် ပညာရပ်နှင့်ဗဟုသုတဆိုင်ရာများကိုလည်း မိုင်အိုလ်ဗို့မှ ဆက်လက်ထည့်သွင်းရန် ရည်ရွယ်ထားပါသည်။
အစီအစဉ်
ရှာရတာ ပိုမိုလွယ်ကူပြီး၊ အနက်များအလျှင်မြန်ဆုံးပြသနိုင်ရန်အတွက် အချိန်နှင့်ကာလအလျှောက် နည်းပညာအပြောင်းအလဲမှုအပေါ်မှုတည်ပြီး ၎င်း၏ ဆောင်ရွက်ချက်များအပါအဝင်၊ ဝေါဟာရများနှင့် အစီအစဉ်များကို စနစ်တကျ တိုးမြင့်နေပါသည်။
ဆောင်ရွက်မှု
လေ့လာဆည်းပူးသူတိုင်းအတွက် ဒေသအလိုက်မတတ်မဖြစ်အဓိကဘာသာစကားများအား အဓိကထားပြီး ပြုစုထားသည့်အလျောက် ရည်ရွယ်ချက်များနှင့်ကိုက်ညီသည့်အစီအစဉ်များကို မိုင်အိုလ်ဗို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမည်။
ဝိုင်းဝန်းကူညီရန်
အချက်အလက်များထည့်သွင်းနေဆဲဖြစ်ပါသဖြင့်အမှားအယှင်းများတွေ့ရှိပါက အကြောင်းကြားပေးရန်နှင့် ရည်ရွယ်ချက်များနှင့်ကိုက်ညီသည့် သင့်ထင်မြင်ချက်အသစ်များ (သို့) ရည်ရွယ်ချက်များနှင့်မကိုက်ညီသည့် လုပ်ဆောင်မှုများကို အသိပေးအကြောင်းကြားရန် Google formမှတစ်ဆင့် ဖိတ်ခေါ်လိုပါသည်။ ဝေါဟာရနှင့် အနက်များကိုလည်း အကြံပေးနိုင်ပါသည်။
လှူဒါန်းရန်
လိုအပ်နေသည့် အနက်အဓိပ္ပာယ်များထည့်သွင့်နိုင်ရန်နှင့် ရှိထားသည့်အနက်အဓိပ္ပာယ်များပိုမိုပြည့်စုံနိုင်ရန်အတွက် သော်လည်းကောင်း၊ မိုင်အိုလ်ဗို့ဆက်လက်ရှင်သန်ပြီး စက်ကိရိယာများ၏သတ်မှတ်ချက်နှင့်အညီ ပြေးဆွဲနိုင်ရန်အတွက် သင့်ကူညီမှုသည် မိုင်အိုလ်ဗို့၏တစ်ခုသော အနာဂတ်ဖြစ်ပါသည်။ မည်သည့်ပမာဏဖြစ်စေ သင့်ရဲ့ပံ့ပိုးမှုကို ဖိတ်ခေါ်လျှင့် အသုံးပြုသူအားလုံး ဉာဏ်ပညာအပေါင်းနှင့်ပြည့်စုံပါစေ။
မိုင်အိုလ်ဗို့ 1.6.3
ပထမနံပါတ်သည် မည်မျှအပြောင်းအလဲ လုပ်ထားခြင်းကိုဆိုလိုပြီး၊ ဒုတိယနံပါတ်သည် အဓိက အပြောင်းအလဲနဲ့ဆက်စပ်ပြီး မည်မျှထိန်းသိမ်းပြုပြင်ခဲ့ခြင်း ကိုဆိုလိုသည်။ တတိယနံပါတ်သည် အခြေခံလိုအပ်ချက်များ ပြုပြင်မွမ်းမံခြင်း အဆင့်ဖြစ်ပြီး၊ အဓိက လုပ်ဆောင်ချက်မှာ cookie အချက်အလက်များ၏ သော့အဖြစ်သုံးထားသည်။ ထိုကြောင့် အမှတ်စဉ်များအပြောင်းအလဲရှိတိုင်း cookie အသစ်ပြုလုပ်ပါလိမ့်မည်။
မှတ်ရန်
အဘိဓါန်ကိုအဓိကထားပြီး အနက်အဓိပ္ပာယ်များကို နေ့စဉ်နှင့်အမျှရှာဖွေစုဆောင်းနေပါသည်။
ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်သည့် အလှူဒါနများကို MyOrdbok တိုးတက်ဖွံ့ဖြိုးမှု အရေး၌သာ အသုံးပြုသွားမည်ဖြစ်ပါသည်။
သဒ္ဒါကို မြန်မာသဒ္ဒါ အတွဲ (၁) နှင့် (၂) မှ တိုက်ရိုက်ကူးယူထားခြင်းဖြစ်သော်လည်း သာဓကအချို့နှင့် လေ့ကျင့်ခန်းများ ချန်ထားပါသည်။