ပုဒ်

သီးခြားစကားလုံးကိုလည်းကောင်း၊ သီးခြားစကားလုံးနှင့် အကူစကားလုံးတို့ကို တွဲစပ်ထားသော စကားလုံးတို့ကို လည်းကောင်းပုဒ် ဟုခေါ်သည်။

    ပုဒ်ရိုး

    ဝိဘတ်၊ ပစ္စည်း တစ်ခုခုမရောဘဲ အနက်အဓိပ္ဂာယ်တစ်ခုကို ဖော်ပြနိုင်၍ သီးခြားရပ်တည်နိုင်သော စကားလုံးကို ပုဒ်ရိုး ဟုခေါ်သည်။

      ပေါင်းစပ်ပုဒ်

      ဝိဘတ်၊ ပစ္စည်း၊ သမ္ဗတစ်ခုခုကို ကြား၌မခံဘဲ သီးခြားစကားလုံး (၂)လုံး၊ (၃)လုံး စသည်တို့ကို ပေါင်းစပ်ဖွဲ့စည်းထားသည့်ပုဒ်ကို ပေါင်းစပ်ပုဒ် ဟုခေါ်သည်။

        ပစ္စည်းရောပုဒ်

        သီးခြားစကားလုံးတစ်လုံးကို အကူစကားလုံးတစ်လုံးနှင့် ရောနှောခြင်းဖြင့် အနက်အဓိပ္ဂာယ်တစ်ခု ထွက်လာသောပုဒ်ကို ပစ္စည်းရောပုဒ် ဟုခေါ်သည်။

          ဝိဘတ်သွယ်ပုဒ်

          ဝိဘတ်တစ်ခုခုနှင့် ဆက်သွယ်ထားသောပုဒ်ကို ဝိဘတ်သွယ်ပုဒ် ဟုခေါ်သည်။

            ပုဒ်ဖြတ်ပုဒ်ရပ်

            မြန်မာစာရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးရသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ ဟုခေါ်သည်။

              ပုဒ်ကလေး ၊

              နှစ်ခုထက် ပိုသော ပုဒ်များအကြားတွင် ပုဒ်ကလေးကို သုံးသည်။

                ပုဒ်မ ။

                ဝါကျအဆုံး၌ ပုဒ်မကို သုံးသည်။

                  ဝိုက်ကွင်း ( )

                  ကိန်းဂဏန်းဖြင့် ဖော်ပြသော ငွေကြေးအရေအတွက်ကို စာဖြင့် တိတိကျကျ ဖော်ပြလိုလျှင် ဝိုက်ကွင်းကို သုံးသည်။

                    အောက်မျဉ်း _

                    စာဖတ်သူ အထူးသတိထား၍ ဖတ်စေချင်သော စကားလုံး၊ ပုဒ်၊ ဝါကျ စသည်တို့ကို အောက်မျဉ်းသား၍ ဖော်ပြသည်။

                      မျဉ်းတို -

                      ရက်စွဲ အတိုရေးရာ၌ မျဉ်းတိုကို သုံးသည်။ (မျဉ်းစောင်း၊ ပုဒ်ကလေးကိုလည်း သုံးသည်။)

                        မျဉ်းစောင်း /

                        ရက်စွဲ အတိုရေးရာ၌ မျဉ်းစောင်းကိုသုံးသည်။ (မျဉ်းတို၊ ပုဒ်ကလေးကိုလည်း သုံးသည်။)